News

ခရမ်းလွန်ရောင်ခြည် သတိပေးချက်ထုတ်ပြန်

ယခုကာလသည် နွေရာသီသို့ကျရောက်လာပြီဖြစ်သောကြောင့် နံနက်၁၀နာရီမှ ညနေ၄နာရီအတွင်း ခရမ်းလွန်ရောင်ခြည် အမြင့်မားဆုံးသို့ ရောက်ရှိနေသဖြင့် ပြည်သူများ အနေဖြင့် သတိပြုနေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန် ကြေညာထားသည်။

ရေထွက်ကုန်တင်ပို့မှု ကန်ဒေါ်လာသန်း ၆၅၀ခန့်ရရှိ

ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု အနေနှင့် ယခု၂၀၁၇-၁၈ ဘဏ္ဍနှစ်စ ဧပြီလမှမတ်လ ၇ရက်နေ့အထိ အမေရိကန်ဒေါ်လာသန်း ၆၅၀ခန့်ရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးထံမှသိရသည်။
 

ရုရှားသမ္မတ ရွေးကောက်ပွဲအတွက် မဲစတင်ပေး ပူတင်သာ လေးကြိမ်မြောက် အနိုင်ရနိုင်ခြေရှိ

ရုရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ မဲပေးပွဲများကို မတ်၁၈ရက်တွင် ကျင်းပခဲ့ပြီး လက်ရှိသမ္မတ ဗလာဒီမီယာ ပူတင်သာ လေးကြိမ်မြောင် သမ္မတသက်တမ်းအဖြစ် ပြန်လည်ရွေးကောက်ခံရနိုင်ခြေ အလွန်များနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုကြသည်။

Pages