News

အာရှ-ပစိဖိတ် ရေညီလာခံ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် ကျင်းပမည်

ရေသယံဇာတ စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် အာရှ ပစိဖိတ်တတိယအကြိမ်ရေညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လာမည့်

ဒီဇင်ဘာလတွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီထံမှ သိရသည်။

 

 

 

တိုင်းနှင့် ပြည်နယ်ငါးခုတွင် စိုက်ပျိုး၊မွေးမြူရေးဖွံ့ဖြိုးမှု မဟာဗျူဟာရေးဆွဲမည်

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုတွင် အမျိုးသားစိုက်ပျိုးမွေးမြူရေး၊ဖွံ့ဖြိုးတိုးတက်မှု

မဟာဗျူဟာမူကြမ်း ရေးဆွဲမည်ဖြစ်ကြောင်း မဟာဗျူဟာရေးဆွဲရေးအဖွဲ့ထံမှသိရသည်။

 

 

တောင်းဆိုမှုများလိုက်နာရန် ကာတာကို ဆော်ဒီနှင့်မဟာမိတ်များက နှစ်ရက်အချိန်ပိုပေး

တောင်းဆိုမှုများအတိုင်း လိုက်နာဆောင်ရွက်ရန် ကာတာကိုဆော်ဒီဦးဆောင်သည့် အရပ်လေးနိုင်ငံ၏ ဇူလိုင်လ ၄ ရက်နေ့ညနေပိုင်းအထိ

နှစ်ရက်အချိန်ပိုပေးခဲ့ကြောင်း သိရပါတယ်။

 

 

ရွှေတိဂုံစေတီတော် အလှူငွေကျပ်ဘီလီယံ ၆၀ ကျော်နှင့် ဒေါ်လာသန်းဂဏန်း ဘဏ်၌ အပ်ထားဟု သူရဦးအောင်ကို ပြောကြား

ရွှေတိဂုံစေတီတော်၏ အလှူငွေ ကျပ်ဘီလီယံ ၆၀ ကျော်ခန့်နှင့် ဒေါ်လာသန်းပေါင်းများစွာကို မြန်မာ့စီးပွားရေးဘဏ်၌ အပ်နှံထားကြောင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုသည်။

 

ဒေါ်လာတစ်ထောင်အောက် အမှတ်တရလက်မှုပစ္စည်းများအတွက် တရားဝင်ငွေရှင်းပြေစာ ထုတ်မည်

အမှတ်တရပစ္စည်းရောင်းချသည့် ဆိုင်များမှဝယ်ယူသည့် ဒေါ်လာတစ်ထောင်အောက် ကျောက်မျက်ရတနာအပါအ၀င် အမှတ်တရပစ္စည်းများကို

လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် တစ်ကြိမ်လျှင် ၄ ကျောင်းနှုန်း အဆင့်မြှင့်တင်ရန် လျာထား

ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ကာ နှစ် နှစ်သင်ပညာရေးကောလိပ်များကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ်

အဆင့်မြှင့်တင်ရာတွင် တစ်ကြိမ်လျှင် ၄ ကျောင်းနှုန်းဖြင့် အဆင့်မြှင့်တင်သွားရန် လျာထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရှိရသည်။

ယီမင်တွင် ကာလ၀မ်းရောဂါကြောင့် သေဆုံးမှု ၁၅၀၀ အထိမြင့်တက်လာကြောင်း WHO သတိပေး

ယီမင်နိုင်ငံတွင် ဖြစ်ပွားနေသော ကာလ၀မ်းရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ၁၅၀ အထိမြင့်တက်သည်ဟု

တစ်နှစ်အတွင်း တရားရေးဝန်ထမ်း ၁၁၆ ဦးကို အရေးယူ

ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်ခြင်းနှင့် တာဝန်ထမ်းဆောင်ရာတွင် မှားယွင်းခြင်းကြောင့် တရားစီရင်ရေးကဏ္ဍ၌ ၀န်ထမ်း ၁၁၆ ဦး

အရေးယူခံရပြီး ယင်းတွင်တရားသူကြီး ၅၄ ဦးသတိပေးခံရကြောင်း ၂၀၁၆ တရားရုံးနှစ်စဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

 

 

ဇွန်လကုန်ပိုင်း ဆန်လက်လီဈေးကွက်မှာ ဆန်ကြမ်းဈေးပြန်တက်နေ

ဇွန်လ(၂၅)ရက်နောက်ပိုင်း ဆန်လက်လီဈေးကွက်မှာ ဆန်ကြမ်းဈေးတစ်အိတ် ငွေကျပ်(၅၀၀)ကနေ(၇၀၀)ကြားပြန်တက်လာတယ်လို့

ရန်ကုန်မြို့ရဲ့ ဆန်အရောင်းအ၀ယ်ဈေးကွက်ဖြစ်တဲ့ ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။

 

 

Pages