News

ရခိုင်ကိစ္စဖြေရှင်းရေး ကုလအဖွဲ့အစည်းများနှင့် ပူးပေါင်းရန် သင့်လျော်သည့် အချိန်ရောက်ပြီဟု ယုံကြည်ကြောင်း အစိုးရထုတ်ပြန်

ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် သင့်လျော်သည့်အချိန်ရောက်ပြီဟု ယုံကြည်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး  ၀န်ကြီးဌာနက မေလ၂ရက်၌ သတင်းထုတ်ပြန်သည်။
 

သီလ၀ါ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်လအတွင်း ကန်ဒေါ်လာ သန်း၂၀ကျော် ၀င်ရောက်

ဘဏ္ဍာနှစ်ကြားကာလ၏ ပထမဆုံးလဖြစ်သည့် ဧပြီလအတွင်း သီလ၀ါအထူးစီးပွားဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း၂၀ ကျော်ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
 

တရုတ်ဝယ်လိုအားကြောင့် ပဲပုပ်ဈေး အမြင့်ဆုံးရောက်

တရုတ်ဝယ်လိုအားကြောင့်  ပဲပုပ်(ဗမာ)ဈေးအမြင့်ဆုံးရောက်နေကြောင်း မန္တလေးကုန်စည်ဒိုင်သို့ လာရောက်သောကုန်သည်အချို့ထံမှ သိရသည်။
 

အနိမ့်ဆုံးလုပ်ခ ကျပ်၄၈၀၀ သတ်မှတ်သည့် အတည်ပြု ကြေညာချက် မေလအတွင်း အစိုးရထုတ်ပြန်မည်

တစ်နိုင်ငံလုံး အကျုံးဝင်မည့် အနည်းဆုံး အခကြေးငွေ ကျပ်၄၈၀၀ သတ်မှတ်သည့် အတည်ပြုကြေညာချက် မေလတတိယအပတ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။

နောင်သုံးလေးပတ်အတွင်း ကင်ဂျုံအန်းနှင့် ဆွေးနွေးပွဲ စတင်နိုင်ဖွယ်ရှိဟု ထရမ့်ပြောကြား ၊ဆွေးနွေးပွဲ ပြုလုပ်မည့်နေရာ မရွေးချယ်ရသေး

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်ဂျုံအန်နှင့်ပြုလုပ်မည့်  ထိပ်သီးဆွေးနွေးပွဲသည် လာမည့်သီတင်းပတ်သုံးပတ် သို့မဟုတ် လေးပတ်ခန့်တွင် ကျင်းပနိုင်ဖွယ်ရှိသည်ဟု  အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်သည်။
 

Pages