News

အခုရက်ပိုင်းအတွင်း ဆန်ဟောင်းများအရောင်းအ၀ယ်ပိုသွက်နေ

ဆန်သစ်ပေါ်ချိန်ဖြစ်ပေမယ့် ဆန်အသစ်ဈေးကွက်ငြိမ်နေပြီး အခုရက်ပိုင်းအတွင်း ဆန်ဟောင်းများ ဈေးကွက်အတွင်း အရောင်းအ၀ယ်ပိုသွက်နေတယ်လို့သိရပါတယ်။

နောက်ဆုံးအကြိမ်ကြေညာသည့် မဲစာရင်းလာရောက်ကြည့်ရှူသူနည်းပါး

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအကြိမ် ပြင်ဆင်ဖြည့်စွက်နိုင်ဖို့ အောက်တိုဘာ(၁)ရက်ကနေ (၁၄)ရက်အထိ ကြေညာခဲ့ပေမယ့် ရန်ကုန်မှာတော့ လာရောက်ကြည့်ရှူစစ်ဆေးသူနည်းပါးခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ဆင်ပြခန်း အောက်တိုဘာလတွင် စတင်တည်ဆောက်မည်

မြန်မာနိုင်ငံရဲ့ ပထမဆုံးမြန်မာ့ဆင်ပြခန်းကို အခုလအတွင်းမှာစတင် တည်ဆောက်မယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် သဘာဝသမိုင်းပြတိုက်၊ သစ်တောဦးစီးဌာနက သိရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အနေနဲ့ ခေတ်ဟောင်းကင်မရာပြပွဲပြုလုပ်သွားမယ်လို့ အေညက်တိုဘာ(၇)ရက်က Orchid Hotel မှာ ပြုလုပ်ခဲ့

(၁၉၀၀)ပြည့်နှစ်လောက်ကစပြီး ဖလင်ခေတ်အဆုံးထိ ခေတ်ဟောင်းကင်မရာတွေကို ကင်မရာစိတ်ဝင်စားသူတွနဲ့ ခေတ်ဟောင်းပစ္စည်းစုဆောင်းသူတွေအတွက် ရည်ရွယ်ပြီး ခေတ်ဟောင်းကင်မရာပြပွဲကို ပြုလုပ်ဖြစ်တယ်လို့သိရပါတယ်။

သီတင်းကျွတ်ပွဲတော်၌ မီးရှူးမီးပန်း၊ ဗြောက်အိုး၊ရှူးဒိုင်း သိုလှောင်ရောင်းချသူများအား ထိရောက်စွာအရေးယူမည်

သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်တို့ကာလအတွင်းမီးရှူးမီးပန်း၊ဗြောက်အိုး၊ရှူးဒိုင်းသိုလှောင်ရောင်းချသူများကို တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်၌သတင်းထုတ်ပြန်ထားသည်။

Pages