Hot Clock

Presenter: 
De Yeh

Hot-Clock Music Show က တနင်္လာနေ့ ကနေ သောကြာနေ့ နေ့လယ် ၁၂း၀၀ နာရီမှ ၃း၀၀နာရီအထိ သီချင်းချစ်သူပရိသတ်တွေအတွက် အကောင်းဆုံးရွေးချယ်တင်ဆက်ပေးနေပါတယ်။ ပြည်တွင်း၊ ပြည်ပက Update အဖြစ်ဆုံးသီချင်းတွေနဲ့အတူ ဂီတအနုပညာသတင်းတွေကို နားဆင်ရမှာပါ။

ပြည်တွင်းကနာမည်ကျော်တွေရွေးပေးမယ့်သီချင်းတွေ၊ Oldies သီချင်းတွေ၊ သံစဉ်တူသီချင်းတွေ၊ ဂီတကုထုံးသီချင်းအမျိုးအစားတွေ၊ K-Pop သီချင်းတွေကို သီးသန့်နားဆင်ချင်သူများအတွက်လည်း ကြိုးစားတင်ဆက်လျက်ပါ။ ရေဒီယိုသူငယ်ချင်းတွေ ဖုန်းဆက်တောင်းဆိုမယ့် သီချင်းတွေကို အချိန်မနှောင်းစေဘဲ ချက်ချင်းနားဆင်လို့ရအောင် မဆိုင်းမတွဖွင့်ပြပေးနေတဲ့ Hot Clock Music ကို နေ့ခင်းနေ့လယ် အပျင်းပြေတစ်ကြိမ်လောက်ဖြစ်ဖြစ် နားဆင်ကြည့်သင့်ပါတယ်။